မန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်း ဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းတွင်
စာရင်းသွင်းဝင်ရောက်လိုသည့် အများပိုင် ကုမ္ပဏီများအတွက် လိုက်နာရမည့်စံနှုန်းများကို
ယခု ရက်သတ္တပတ်အတွင်း ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်းြ မြန်မာနိုင်ငံ ငွေချေး
သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)ဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဇူလိုင် ၂၇ ရက်နေ့က ပြောသည်။
"ဒီစံနှုန်းတွေကို လာကြည့်လို့ရအောင် SECM ရုံးမှာ ကပ်ထားပေးမှာပါ။ ကြည့်ချင်တဲ့သူ
မည်သူမဆို ကြည့်လို့ရပါတယ်"ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ ငွေချေး
သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးသည် ရန်ကုန်မြို့ လယ် ဆူးလေ
ဘုရားလမ်းပေါ်တွင်တည်ရှိပြီး ရန်ကုန်စတော့အိတ်ချိန်းဖွင့်လှစ်မည့် ယခင် မြ၀တီဘဏ်ရုံးချုပ်
အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ယခုထုတ်ပြန်မည့် စံသတ်မှတ်ချက်များ
သည် စာမျက်နှာ သုံးမျက်နှာမှ လေးမျက်နှာ ခန့်ရှိမည်ဖြစ်ပြီး စံနှုန်းများ၏ အနှစ်ချုပ်သတ်မှတ်
ချက်မှာ စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုသည့်ကုမ္ပဏီသည် ပွင့်လင်းမြင်သာမှုရှိခြင်း၊
စီမံအုပ်ချုပ်မှုကောင်းမွန် ခြင်းနှင့် စာရင်းစစ်စံနှုန်းသတ်မှတ်ချက်ကောင်းမွန်မှုတို့ ရှိရမည်ဆိုသည့်
အချက်ကို အခြေခံကာ စည်းမျဉ်းများ ထုတ်ပြန်ထားသည်ဟု ဒုဝန်ကြီးက ပြောသည်။
"အခုလောလောဆယ်မှာတော့ စံနှုန်းတွေ နဲ့ ညီနိုင်ခြေရှိတဲ့ ကုမ္ပဏီ နှစ်ခု သုံးခုတော့
တွေ့တယ်။ ရွက်ပုန်းသီးတွေလည်း ရှိနိုင်တာ ပဲလေ"ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုစံနှုန်းများ ထုတ်ပြန်ပြီးသည်နှင့် စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုသည့် ကုမ္ပဏီများ
စတင်လျှောက်ထားနိုင်မည် ဖြစ်ပြီး SECM အဆိုပါလျှောက်ထားလာမှု များကို စိစစ်သွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ် ရန် တစ်ပြေးနေသည့် မြန်မာနိုင်ငံလယ်ယာ
စီးပွားရေးအများပိုင်ကော်ပိုရေးရှင်း (MAPCO) ၏ ဒါရိုက်တာ ဦးရဲမင်းအောင်က "စာရင်းဝင်
ကုမ္ပဏီအဖြစ်ရွေးချယ်နိုင်ဖို့ စံနှုန်းကို ထုတ် ပေးတော့မယ်ဆိုတော့ စာရင်းဝင်ဖြစ်ချင်တဲ့
ကုမ္ပဏီတွေကလည်း လိုက်ပြီးလုပ်ကိုင် ရတာ ပိုအဆင်ပြေလာနိုင်ပြီပေါ့။ အရင်က
တည်းကလည်း နိုင်ငံတကာရဲ့ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတွေရဲ့ စံနှုန်းတွေကို
လေ့လာပြီး ပြင်ဆင်လုပ်ကိုင်နေတာဖြစ်တဲ့အတွက် အများကြီးကွာခြားသွားနိုင်စရာတော့
သိပ်မရှိပါဘူး"ဟု ပြောသည်။ ၎င်းတို့ကုမ္ပဏီသည် စတော့အိတ်ချိန်း ဖွင့် လှစ်သည်နှင့်အပြိုင်
စာရင်းဝင်ရန်လျှောက် ထားဦးမည်မဟုတ်ဘဲ တစ်နှစ်ခန့်အချိန်ယူဦးမည်ဟုလည်း ဦးရဲမင်းအောင်က
ပြောသည်။ ထို့ပြင် စာရင်းသွင်းစံနှုန်းထုတ်ပြန်တော့ မည်ဖြစ်သဖြင့် စတော့အိတ်ချိန်းတစ်ခုတွင်
အဓိကကျသည့် မောင်းနှင်သူများဖြစ်သော ပွဲစားကုမ္ပဏီ၊ အကျိုးဆောင်ကုမ္ပဏီ၊ အကြံပေး
ကုမ္ပဏီ စသည်တို့ကို လိုင်စင်လျင်မြန်စွာထုတ်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း
၎င်းကပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းကို အောက်တို ဘာလတွင်ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း
နိုဝင်ဘာနှောင်းပိုင်းမှသာ ဖွင့်လှစ်နိုင်မည် ဟု ပြင်ဆင်ထုတ်ပြန် ကြေညာခဲ့သည်။ ထို့ပြင်
စာရင်းဝင် အများပိုင်ကုမ္ပဏီ ပြုလုပ်မည့် ကုမ္ပဏီအရေအတွက်မှာ ကနဦး ၌ အနည်းငယ်ခန့်သာ
ရှိဦးမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

Myanmar Kyat Exchange Rate
No comments:
Write comments