က်ရှိဖြစ်ပေါ်နေသော ဒေါ်လာငွေ တန်ဖိုး မြင့်တက်နေခြင်းနှင့်အတူ နိုင်ငံပိုင်မြန်မာ့
ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ပြည်ပကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးကွက်
ယှဉ်ပြိုင်ရောင်းချမည့် အစီအစဉ်ကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက် အတွင်းရှိ
လုပ်ငန်းရှင်များမှာ စိုးရိမ်မှုများရှိနေကြောင်း ပြောသည်။
ပုဂ္ဂလိက
စက်သုံးဆီ အရောင်းဆိုင်တစ်ခု၏ လုပ်ငန်းခွင်ကို ယခုနှစ်ဆန်းပိုင်းက
တွေ့ရစဉ်။ အစိုးရပိုင် စက်သုံးဆီလုပ်ငန်းက ပြည်ပရင်နှီးမြှုပ်နှံမှု နှင့်
ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းကြောင့်
ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များ စိုးရိမ်ပူပန်လျက်ရှိသည်။
ဓာတ်ပုံ-မြန်မာတိုင်း(မ်)
ပြင်ပငွေကြေးဈေးကွက်အတွင်းရှိ အမေ ရိကန်ဒေါ်လာတန်ဖိုးနှင့် ကိုက်ညီမှုရှိစေရန်
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ
၁,၂၀၀ အထိ ဇူလိုင်လ ၁၃ ရက်နေ့က တရားဝင် တိုးမြှင့်သတ်မှတ်ခဲ့သည်။
ဗဟိုဘဏ်၏ တရားဝင် ရည်ညွှန်းငွေလဲလှယ်နှုန်း မြင့်တက်လာသည့်နည်းတူ
ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း နေ့စဉ်မြင့်တက်
လျက်ရှိပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြင်ပဒေါ်လာပေါက် ဈေးမှာ ကျပ် ၁,၃၀၀ နီးပါးအထိ
ရှိလာကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ဒေါ်လာငွေတန်ဖိုး မြင့်တက်လာမှုကြောင့် သွင်းကုန်ကိုအခြေခံနေသည့် မြန်မာ့စီးပွားရေး
အပေါ် ထိခိုက်မှုများရှိလာမည်ဖြစ်ရာ ပထမ ဦးဆုံးအနေဖြင့် နိုင်ငံခြားငွေဖြင့် တင်သွင်း
နေရသည့် ပြည်တွင်းစက်သုံးဆီဈေးကွက် အပေါ် များစွာထိခိုက်လာမည်ဟု လုပ်ငန်းရှင်
အများစုက ခန့်မှန်းသည်။ "ကျပ်ငွေတန်ဖိုး ကျလာတဲ့အတွက် အမြတ်ရရှိမှုက နည်းသထက်
နည်းလာတယ်။ လက်ရှိအခြေအနေကတော့ ကျွန်တော်တို့ စက်သုံးဆီလုပ်ငန်းတွေက
အရှုံးပြနေပါ တယ်" ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း
အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။ နိုင်ငံတကာရေနံဈေးမှာ လက်ရှိအချိန်အထိ
ကျဆင်းနေဆဲဖြစ်သော်လည်း ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဒေါ်လာငွေတန်ဖိုးမြင့်
တက်မှုကြောင့် ဈေးနှုန်းများ မြင့်တက်ရန်ရှိသည်ဟု ၎င်းကပြောသည်။
"တစ်နေ့ကဆိုရင် အောက်တိန်း (၉၂) တစ်လီတာကို ၆၇၀ ကျပ် လောက်ကျတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရောင်းတော့ ၆၃၀ ပဲ ရတယ်။ ဒေါ်လာဈေးအတက်မှာ တစ်လီတာကို
၆၈၀၊ ၆၉၀ လောက်ရောင်းမှ အရင်းကြေ အမြတ်ရမှာပါ" ဟု မြတ်မေတ္တာမွန်ကုမ္ပဏီပိုင်ရှင်
စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဒေါ်လာဈေးအတက်အကျကြောင့် သွင်းကုန်
လုပ်ငန်းရှင်များအား ဗဟိုဘဏ်က သီးသန့်ဈေးနှုန်းဖြင့် ဒေါ်လာရောင်းချပေးနေသော် လည်း
လက်ရှိတွင် ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပဈေးနှုန်းကွာဟမှုမရှိတော့သောကြောင့် ပြည်တွင်း
စက်သုံးဆီဈေးနှုန်းမှာ တက်ရိပ်ပြနေမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ပြည်တွင်း
စက်သုံးဆီဈေးနှုန်းကို ထိန်းညှိ နိုင်ရန် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းက မကွေးတိုင်း၊
မင်းလှမြို့နယ်ရှိ သံပရာကန် ရေနံဓာတုဗေဒစက်ရုံထုတ် ဒီဇယ်ဂါလန် ၁၀ သန်းကို တစ်ဂါလန်လျှင်
ကျပ် ၂,၆၅၀ နှုန်းဖြင့် ရောင်းချရန် ဇွန်လကုန် ပိုင်းတွင် ကြေညာခဲ့သည်။
သို့သော်လည်း ပြည်တွင်းထုတ်ဒီဇယ်ကို ၀ယ်ယူရန်စိတ်ဝင်စားသည့် ပုဂ္ဂလိကစက်သုံးဆီ
လုပ်ငန်းရှင် အနည်းငယ်သာရှိခဲ့ပြီး ဇူလိုင် ပထမပတ်အကုန်ထိ ဒီဇယ် ဂါလန်လေးသိန်းသာ
ရောင်းချခဲ့ရသည်။ စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းထုတ် ဒီဇယ်များကို ပြည်တွင်းဈေးကွက်သို့
လွတ် လပ်စွာ ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များ ရှိသော်လည်း သယ်ယူစရိတ်နှင့် သိုလှောင်
ရန်နေရာ အခက်အခဲတို့ကြောင့် ဈေးနှုန်းကွာ ခြားမှု မရှိသည့်အတွက် ဈေးကွက်အတွင်း
အပြောင်းအလဲ မရှိပေ။ "ဈေးနှုန်းအရ သိပ်မကွာတော့ နိုင်ငံပိုင် စက်သုံးဆီဝယ်ဖို့ သိပ်စိတ်
မ၀င်စားတာလည်း ပါတယ်။ နောက်ပြီး ဈေးကွက်ထဲမှာ လူတွေက ပြည်ပတင်သွင်းလာတဲ့ဆီကို
ပိုပြီးကြိုက်ကြတယ်" ဟုလည်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်း ရန် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံပိုင်စက်သုံးဆီရောင်းချမှုကို
ပုဂ္ဂလိကသို့လွှဲပြောင်းပေးခဲ့သည့်နည်းတူ ပုဂ္ဂလိကစနစ်ဖြင့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊
ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကိုလည်း စတင်ခွင့်ပြုခဲ့သည်။ လက်ရှိ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက
စက်သုံးဆီအရောင်းဆိုင်ပေါင်း ၁,၀၀၀ ကျော် ရှိပြီး စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေသည့်
ပုဂ္ဂလိကကုမ္ပဏီ ၇၀ ခန့်ရှိသည်။ ပြည်တွင်းစက်သုံးဆီဈေးကွက်ကို ပိုမို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက
ပြည်ပကုမ္ပဏီနှင့် အကျိုးတူးပူးပေါင်းလုပ်ကိုင် ၍ ဈေးကွက်အတွင်း ၀င်ရောက်ယှဉ်ပြိုင်
သွားမည်ဖြစ်ကြောင်းပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့သည်။ မြန်မာ့ရေနံထွက်ပစ္စည်း
ရောင်းဝယ်ရေးလုပ်ငန်းနှင့် နိုင်ငံခြားကုမ္ပဏီတို့ပူးပေါင်း၍ ရေနံဓာတ်ငွေ့ရည်နှင့် သဘာဝ
ဓာတ်ငွေ့ရည်တို့ကလွဲ၍ ရေနံထွက်ပစ္စည်းမျိုးစုံ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို
ဖက်စပ်လုပ်ကိုင်သွားမည်ဖြစ်သည်။ "လက်ရှိကျွန်တော်တို့လုပ်ငန်းကို နိုင်ငံ တကာအဆင့်
ချဲ့ထွင်ချင်တယ်။ အရည်အသွေး ပြည့်ဝတဲ့ ဈေးကွက်ဖြစ်လာဖို့ နိုင်ငံခြား ကုမ္ပဏီနဲ့ ပူးပေါင်းပြီး
ဈေးကွက်ယှဉ်ပြိုင်မှု လုပ်သွားမှာ ပါ" ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
တာဝန်ရှိသူတစ်ဦး က ပြောသည်။
လက်ရှိတွင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက အစိုးရ အသုံး အတွက် စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်လျက်ရှိသော်လည်း၊ နိုင်ငံခြား
ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပါက ကျန်ရှိနေသော နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်နှင့်
ရေနံသိုလှောင်ဖြန့်ဖြူးရေးစခန်း ၂၈ ခုတို့ကို အဆင့်မြှင့်တင်၍ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး
ရောင်းချခြင်းလုပ်ငန်းကို လက်လီ၊ လက်ကားစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
"ဈေးကွက်စီးပွားရေးစနစ် သွားတဲ့နေရာ မှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေက အစိုးရ ရဲ့
ကူညီထောက်ပံ့မှု လိုအပ်ပါတယ်။ ဒါမှသာ ပုဂ္ဂလိကစီးပွားရေးရှင်သန်နိုင်မှာပါ။ ခုလို
အစိုးရကိုယ်တိုင် နိုင်ငံခြားကုမ္ပဏီနဲ့ပေါင်း ပြီး ဈေးကွက်ယှဉ်ပြိုင်မယ် ဆိုတာကတော့
ပြောရမယ်ဆိုရင် မမျှတပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ မယှဉ်နိုင်ပါဘူး"ဟု
ဦးဝင်းမြင့်က ပြောသည်။
တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ သည် လက်ရှိတွင် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် အခြားသောအခက်အခဲများ ကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ရုန်းကန် နေရဆဲဖြစ်
သည်ဟုလည်း ၎င်းက ပြောသည်။ "ကျွန်တော်တို့ ကုမ္ပဏီတွေက ဈေးကွက် ထဲမှာ အမှားတစ်ခု
ရှိခဲ့တာ မှန်ပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်းတွေ ကျဆင်းနေချိန် မှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်း
မကျပဲ ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချက်တစ်ခု တည်းကိုကြည့်ပြီး အစိုးရက နိုင်ငံခြားကုမ္ပဏီ နဲ့
ပူးပေါင်းမယ်ဆိုတာတော့ မဖြစ်သင့်ပါ ဘူး" ဟု ဦးဝင်းမြင့်က ပြောသည်။
ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ပြည်ပကုမ္ပဏီနှင့် ပူးပေါင်း၍ ဈေးကွက်
ယှဉ်ပြိုင်ရောင်းချမည့် အစီအစဉ်ကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက် အတွင်းရှိ
လုပ်ငန်းရှင်များမှာ စိုးရိမ်မှုများရှိနေကြောင်း ပြောသည်။
ပုဂ္ဂလိက
စက်သုံးဆီ အရောင်းဆိုင်တစ်ခု၏ လုပ်ငန်းခွင်ကို ယခုနှစ်ဆန်းပိုင်းက
တွေ့ရစဉ်။ အစိုးရပိုင် စက်သုံးဆီလုပ်ငန်းက ပြည်ပရင်နှီးမြှုပ်နှံမှု နှင့်
ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းကြောင့်
ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များ စိုးရိမ်ပူပန်လျက်ရှိသည်။
ဓာတ်ပုံ-မြန်မာတိုင်း(မ်) ပြင်ပငွေကြေးဈေးကွက်အတွင်းရှိ အမေ ရိကန်ဒေါ်လာတန်ဖိုးနှင့် ကိုက်ညီမှုရှိစေရန်
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ
၁,၂၀၀ အထိ ဇူလိုင်လ ၁၃ ရက်နေ့က တရားဝင် တိုးမြှင့်သတ်မှတ်ခဲ့သည်။
ဗဟိုဘဏ်၏ တရားဝင် ရည်ညွှန်းငွေလဲလှယ်နှုန်း မြင့်တက်လာသည့်နည်းတူ
ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း နေ့စဉ်မြင့်တက်
လျက်ရှိပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြင်ပဒေါ်လာပေါက် ဈေးမှာ ကျပ် ၁,၃၀၀ နီးပါးအထိ
ရှိလာကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ဒေါ်လာငွေတန်ဖိုး မြင့်တက်လာမှုကြောင့် သွင်းကုန်ကိုအခြေခံနေသည့် မြန်မာ့စီးပွားရေး
အပေါ် ထိခိုက်မှုများရှိလာမည်ဖြစ်ရာ ပထမ ဦးဆုံးအနေဖြင့် နိုင်ငံခြားငွေဖြင့် တင်သွင်း
နေရသည့် ပြည်တွင်းစက်သုံးဆီဈေးကွက် အပေါ် များစွာထိခိုက်လာမည်ဟု လုပ်ငန်းရှင်
အများစုက ခန့်မှန်းသည်။ "ကျပ်ငွေတန်ဖိုး ကျလာတဲ့အတွက် အမြတ်ရရှိမှုက နည်းသထက်
နည်းလာတယ်။ လက်ရှိအခြေအနေကတော့ ကျွန်တော်တို့ စက်သုံးဆီလုပ်ငန်းတွေက
အရှုံးပြနေပါ တယ်" ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း
အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။ နိုင်ငံတကာရေနံဈေးမှာ လက်ရှိအချိန်အထိ
ကျဆင်းနေဆဲဖြစ်သော်လည်း ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဒေါ်လာငွေတန်ဖိုးမြင့်
တက်မှုကြောင့် ဈေးနှုန်းများ မြင့်တက်ရန်ရှိသည်ဟု ၎င်းကပြောသည်။
"တစ်နေ့ကဆိုရင် အောက်တိန်း (၉၂) တစ်လီတာကို ၆၇၀ ကျပ် လောက်ကျတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရောင်းတော့ ၆၃၀ ပဲ ရတယ်။ ဒေါ်လာဈေးအတက်မှာ တစ်လီတာကို
၆၈၀၊ ၆၉၀ လောက်ရောင်းမှ အရင်းကြေ အမြတ်ရမှာပါ" ဟု မြတ်မေတ္တာမွန်ကုမ္ပဏီပိုင်ရှင်
စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။
ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဒေါ်လာဈေးအတက်အကျကြောင့် သွင်းကုန်
လုပ်ငန်းရှင်များအား ဗဟိုဘဏ်က သီးသန့်ဈေးနှုန်းဖြင့် ဒေါ်လာရောင်းချပေးနေသော် လည်း
လက်ရှိတွင် ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပဈေးနှုန်းကွာဟမှုမရှိတော့သောကြောင့် ပြည်တွင်း
စက်သုံးဆီဈေးနှုန်းမှာ တက်ရိပ်ပြနေမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ပြည်တွင်း
စက်သုံးဆီဈေးနှုန်းကို ထိန်းညှိ နိုင်ရန် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းက မကွေးတိုင်း၊
မင်းလှမြို့နယ်ရှိ သံပရာကန် ရေနံဓာတုဗေဒစက်ရုံထုတ် ဒီဇယ်ဂါလန် ၁၀ သန်းကို တစ်ဂါလန်လျှင်
ကျပ် ၂,၆၅၀ နှုန်းဖြင့် ရောင်းချရန် ဇွန်လကုန် ပိုင်းတွင် ကြေညာခဲ့သည်။
သို့သော်လည်း ပြည်တွင်းထုတ်ဒီဇယ်ကို ၀ယ်ယူရန်စိတ်ဝင်စားသည့် ပုဂ္ဂလိကစက်သုံးဆီ
လုပ်ငန်းရှင် အနည်းငယ်သာရှိခဲ့ပြီး ဇူလိုင် ပထမပတ်အကုန်ထိ ဒီဇယ် ဂါလန်လေးသိန်းသာ
ရောင်းချခဲ့ရသည်။ စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းထုတ် ဒီဇယ်များကို ပြည်တွင်းဈေးကွက်သို့
လွတ် လပ်စွာ ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များ ရှိသော်လည်း သယ်ယူစရိတ်နှင့် သိုလှောင်
ရန်နေရာ အခက်အခဲတို့ကြောင့် ဈေးနှုန်းကွာ ခြားမှု မရှိသည့်အတွက် ဈေးကွက်အတွင်း
အပြောင်းအလဲ မရှိပေ။ "ဈေးနှုန်းအရ သိပ်မကွာတော့ နိုင်ငံပိုင် စက်သုံးဆီဝယ်ဖို့ သိပ်စိတ်
မ၀င်စားတာလည်း ပါတယ်။ နောက်ပြီး ဈေးကွက်ထဲမှာ လူတွေက ပြည်ပတင်သွင်းလာတဲ့ဆီကို
ပိုပြီးကြိုက်ကြတယ်" ဟုလည်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်း ရန် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံပိုင်စက်သုံးဆီရောင်းချမှုကို
ပုဂ္ဂလိကသို့လွှဲပြောင်းပေးခဲ့သည့်နည်းတူ ပုဂ္ဂလိကစနစ်ဖြင့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊
ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကိုလည်း စတင်ခွင့်ပြုခဲ့သည်။ လက်ရှိ တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက
စက်သုံးဆီအရောင်းဆိုင်ပေါင်း ၁,၀၀၀ ကျော် ရှိပြီး စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေသည့်
ပုဂ္ဂလိကကုမ္ပဏီ ၇၀ ခန့်ရှိသည်။ ပြည်တွင်းစက်သုံးဆီဈေးကွက်ကို ပိုမို ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက
ပြည်ပကုမ္ပဏီနှင့် အကျိုးတူးပူးပေါင်းလုပ်ကိုင် ၍ ဈေးကွက်အတွင်း ၀င်ရောက်ယှဉ်ပြိုင်
သွားမည်ဖြစ်ကြောင်းပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့သည်။ မြန်မာ့ရေနံထွက်ပစ္စည်း
ရောင်းဝယ်ရေးလုပ်ငန်းနှင့် နိုင်ငံခြားကုမ္ပဏီတို့ပူးပေါင်း၍ ရေနံဓာတ်ငွေ့ရည်နှင့် သဘာဝ
ဓာတ်ငွေ့ရည်တို့ကလွဲ၍ ရေနံထွက်ပစ္စည်းမျိုးစုံ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို
ဖက်စပ်လုပ်ကိုင်သွားမည်ဖြစ်သည်။ "လက်ရှိကျွန်တော်တို့လုပ်ငန်းကို နိုင်ငံ တကာအဆင့်
ချဲ့ထွင်ချင်တယ်။ အရည်အသွေး ပြည့်ဝတဲ့ ဈေးကွက်ဖြစ်လာဖို့ နိုင်ငံခြား ကုမ္ပဏီနဲ့ ပူးပေါင်းပြီး
ဈေးကွက်ယှဉ်ပြိုင်မှု လုပ်သွားမှာ ပါ" ဟု မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
တာဝန်ရှိသူတစ်ဦး က ပြောသည်။
လက်ရှိတွင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက အစိုးရ အသုံး အတွက် စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်လျက်ရှိသော်လည်း၊ နိုင်ငံခြား
ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပါက ကျန်ရှိနေသော နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်နှင့်
ရေနံသိုလှောင်ဖြန့်ဖြူးရေးစခန်း ၂၈ ခုတို့ကို အဆင့်မြှင့်တင်၍ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး
ရောင်းချခြင်းလုပ်ငန်းကို လက်လီ၊ လက်ကားစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
"ဈေးကွက်စီးပွားရေးစနစ် သွားတဲ့နေရာ မှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေက အစိုးရ ရဲ့
ကူညီထောက်ပံ့မှု လိုအပ်ပါတယ်။ ဒါမှသာ ပုဂ္ဂလိကစီးပွားရေးရှင်သန်နိုင်မှာပါ။ ခုလို
အစိုးရကိုယ်တိုင် နိုင်ငံခြားကုမ္ပဏီနဲ့ပေါင်း ပြီး ဈေးကွက်ယှဉ်ပြိုင်မယ် ဆိုတာကတော့
ပြောရမယ်ဆိုရင် မမျှတပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေ မယှဉ်နိုင်ပါဘူး"ဟု
ဦးဝင်းမြင့်က ပြောသည်။
တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ သည် လက်ရှိတွင် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် အခြားသောအခက်အခဲများ ကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ရုန်းကန် နေရဆဲဖြစ်
သည်ဟုလည်း ၎င်းက ပြောသည်။ "ကျွန်တော်တို့ ကုမ္ပဏီတွေက ဈေးကွက် ထဲမှာ အမှားတစ်ခု
ရှိခဲ့တာ မှန်ပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်းတွေ ကျဆင်းနေချိန် မှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်း
မကျပဲ ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချက်တစ်ခု တည်းကိုကြည့်ပြီး အစိုးရက နိုင်ငံခြားကုမ္ပဏီ နဲ့
ပူးပေါင်းမယ်ဆိုတာတော့ မဖြစ်သင့်ပါ ဘူး" ဟု ဦးဝင်းမြင့်က ပြောသည်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

Myanmar Kyat Exchange Rate
No comments:
Write comments